၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်

 ၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပညာရေးကောလိပ် ပညာတန်ဆောင်ခန်းမ၌ ကျင်းပသည်။

 ရှေးဦးစွာ အကဲဖြတ်ဒိုင်လူကြီးများက အမျိုးသမီး Model Physique ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲ၊ အမျိုးသား Sport Physique ပြိုင်ပွဲ၊ အမျိုးသား Athletic Physique ပြိုင်ပွဲ၊ အမျိုးသား Fitness Physique ပြိုင်ပွဲ၊ (၂၁)နှစ် အောက် ကာယဗလမောင်ပြိုင်ပွဲ၊ ၆၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲ၊ ၇၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲနှင့် ၈၀ ကီလိုတန်း ကာယဗလ မောင်ပြိုင်ပွဲဝင်ကစားသမားများ၏ သတ်မှတ်ပုံစံနှင့် စိတ်ကြိုက်ပုံစံဖြင့် ယှဉ်ပြိုင်မှုကို အကဲဖြတ်အမှတ်ပေး ဆုရွေးချယ်ကြသည်။

 ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲ ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ၈၀ ကီလိုတန်း ကာယဗလ မောင်ပြိုင်ပွဲတွင် ပထမ ထက်အာကာလင်း(အောင်မြေသာစံမြို့နယ်)၊ ဒုတိယ ရဲထက်ဦး(ချမ်းမြသာစည်မြို့နယ်)၊ တတိယ ဟိန်းဓန(ချမ်းမြသာစည်မြို့နယ်)တို့အား ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်သည်။

 ထို့နောက် တာဝန်ရှိသူများက ၇၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ ချစ်ဖွယ်(မတ္တရာ)၊ ဒုတိယ ဇွဲခန့်ကို(အောင်မြေသာစံ)၊ တတိယ သန်းဇော်(ချမ်းအေးသာစံ)၊ ၆၀ ကီလိုတန်း ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ ခင်မောင်ထွန်း(ချမ်းအေးသာစံ)၊ ဒုတိယ ပါစိ (အောင်မြေသာစံ)၊ တတိယ စည်သူအောင်(ချမ်းအေးသာစံ)၊ ၂၁ နှစ်အောက် ကာယဗလမောင်ပြိုင်ပွဲတွင် ပထမ အောင်ချမ်းငြိမ်း(မဟာအောင်မြေ)၊ ဒုတိယ ခန့်ထက်ကို(ချမ်းမြသာစည်)၊ တတိယ မြင့်အောင်(ပြည်ကြီးတံခွန်)၊ အမျိုးသား Fitness Physique ပြိုင်ပွဲတွင် ပထမ ဟိန်းထက်ကျော် (မဟာအောင်မြေ)၊ ဒုတိယ ဉာဏ်လင်းအောင်(အား/ကာသိပ္ပံ)၊ တတိယ သာအောင်ထက်(အား/ကာသိပ္ပံ)၊ အမျိုးသား Athletic Physique ပြိုင်ပွဲတွင် ပထမ ကျော်စွာယု(ပုသိမ်ကြီး)၊ ဒုတိယ ဟန်လင်းအောင်(ချမ်းအေးသာစံ)၊ တတိယ ယောဟန်(မဟာအောင်မြေ)၊ အမျိုးသမီး Model Physique ပြိုင်ပွဲတွင် ပထမ အင်ကြင်းသန္တာခိုင်(မဟာအောင်မြေမြို့နယ်)၊ ဒုတိယ သန္တာစိုး(ချမ်းအေးသာစံ)၊ တတိယ စုမြတ်မွန်(ချမ်းမြသာစည်)၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲတွင် ပထမ ဝါဝါသိမ့်(ချမ်းအေးသာစံ)၊ ဒုတိယ မြတ်စန္ဒီဇော်(ချမ်းအေးသာစံ)၊ တတိယ ခင်ထွေးကြည် (ချမ်းအေးသာစံ)၊ အမျိုးသမီး Fitness Physique ပြိုင်ပွဲတွင် ပထမ ဝါဝါသိမ့်(ချမ်းအေးသာစံ)၊ ဒုတိယ သန္တာစိုး(ချမ်းအေးသာစံ)၊ တတိယ လင်းပပအောင်(မဟာအောင်မြေ)၊ အမျိုးသား Sport Physique ပြိုင်ပွဲတွင် ပထမ စိုးမိုးခိုင်(ပုသိမ်ကြီး)၊ ဒုတိယ မင်းသန့်ဇင်(မဟာအောင်မြေ)၊ တတိယ ဘိုဟိန်း(အောင်မြေသာစံ)တို့အား ဆုတံဆိပ်များပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းဓါတ်ပုံရိုက်ကူးကြသည်။

 အဆိုပါပြိုင်ပွဲသို့ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။