၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်

  စက်ပစ္စည်းများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသသော ကုန်စည်ပြပွဲ ဖွင့်ပွအြခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် နံနက် ၉ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့်၇၁ လမ်းထောင့်ရှိ မြို့တော်ခမ်းမ၌ ကျင်းပသည်။

  အခမ်းအနားကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူနှင့် ဖိတ်ကြားထားသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 အဆိုပါ ကုန်စည်ပြပွဲကို နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ နံနက် ၉ မှ ၈ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဉ်မော်ဒယ်၊ အဆိုတော်၊ အကပညာရှင်များ၊ ဂိမ်းအစီအစဉ်များ၊ ကံစမ်းမဲအစီအစဉ်များနှင့်အတူ ကုမ္ပဏီ ၄၀ ကျော်က ပြခန်းပေါင်း ၈၀ ခန့် ခင်းကျင်းပြသထားသည်။