၂ဝ၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ဝ ရက်

 ရတနာပုံတက္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေအဖြစ် ကြေညာခြင်းအခမ်းအနားကို ၂ဝ၁၉ ခုနှစ် စက်တင်ဘာလ ၁ဝ ရက်နေ့၊ နံနက် ၁ဝ နာရီက တက္ကသိုလ်ဝင်းအတွင်းရှိ ပြည်ထောင်စုခန်းမဆောင်မှာပြုလုပ်ပါတယ်။ အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးအစိုးရ ရှမ်းတိုင်းရင်းသားဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်တို့က ဆေးလိပ်ရဲ့ဆိုးကျိုးများအကြောင်း အဖွင့်အမှာစကားပြောကြားပါသည်။ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဆေးလိပ်ကင်းစင်သော တက္ကသိုလ်အဖြစ်ကြေညာနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြောပြခဲ့သည်။

 ဆေးလိပ်ကုမ္ပဏီများက လူငယ်များကို ဆေးလိပ်သားကောင်အဖြစ် ပစ်မှတ်ထားပြီး ဈေးကွက်ချဲ့ထွန်နေချိန်တွင် ခေတ်မီတိုးတက်သောတက္ကသိုလ်များက  ဆေးလိပ်ငွေ့ကင်းစင်သော တက္ကသိုလ်များအဖြစ် လုပ်ကိုင်လာကြပုံကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ရင်မြင့်ကလည်းကောင်း၊ ဆေးလိပ်ငွေ့အန္တရာယ်အကြောင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြလေးနွယ်ကလည်းကောင်း၊ လူငယ်များကြုံတွေ့ နေရသော မူးယစ်ဆေးဝါးနှင့်ဆေးလိပ်အကြောင်းကို အမှတ်( ၁ )မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့ခွဲမှူးရုံး(မန္တလေး) ရဲမှူးသန်းသန်းနုက လည်းကောင်း ဆွေးနွေးပြောကြားကြသည်။ ရတနာပုံတက္ကသိုလ် ဥပဒေပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာဝေဝေမြင့်က “ဆေးလိပ်ကင်းစင် ဒို့တက္ကသိုလ်ဝန်းကျင်” ဆောင်ပုဒ်ဖြင့် ဆောင်ရွက်နေသော ဆေးလိပ်သောက်သုံးမှု ကင်းစင်ရေးဆိုင်ရာများကို ရှင်းလင်းပြောပြပါသည်။

 ဆက်လက်ပြီး ဆေးလိပ်ငွေ့ကင်းစင်သောနယ်မြေကြေညာခြင်းအထိမ်းအမှတ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို ဆုများချီးမြှင့်သည်။ စာစီစာကုံးပြိုင်ပွဲအတွက် မဆုဝတ်ရည်အောင်၊ မခင်ရတနာကိုကိုလေး၊ ကိုကျော်မျိုးထက်၊ ကဗျာပြိုင်ပွဲအတွက် မသီရိထက်၊ ကိုပြည့်ဖြိုးအောင်၊ ကိုနိုင်နိုင်ဝင်း၊ ကွန်ပျူတာပိုစတာပြိုင်ပွဲအတွက် ကိုစိုင်းဆောင်စင်မွန်း၊ ကိုနေလင်းထွေး၊ ကိုမင်းမင်းထိုက်၊ ဆောင်ပုဒ်ပြိုင်ပွဲအတွက် မအိကူး၊ ကိုနိုင်နိုင်ဝင်း၊ မမေဖူးဝင့်မှုံ၊ ဓါတ်ပုံပြိုင်ပွဲတွင် ဖုန်းဖြင့်ရိုက်ကူးမှုပြိုင်ပွဲအတွက် မအိမြတ်မြတ်စံ၊ မချောစုခင်၊ ကိုအောင်ပြည့်ဖြိုး၊ ကင်မရာဖြင့် ရိုက်ကူးမှုပြိုင်ပွဲအတွက် ကိုဇော်မျိုးလွင်တို့ကို ဆုများချီးမြှင့်သည်။ ဆက်လက်ပြီး နှစ်သိမ့်ဆုရသူများကိုလည်း ဆုချီးမြှင့်ပေးသည်။

 ရတနာပုံတက္ကသိုလ်၏ ဆေးလိပ်ငွေ့ကင်းစင်ခြင်းအထိမ်းအမှတ်အဖြစ် “ခေါင်းလောင်းသံ” နံရံကပ်စာစောင်ကိုလည်း ပင်မဆောင်တွင် ပြသထားပြီး ကျောင်းသား၊ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုနေကြပါသည်။