၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်

 မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်၏ကြီးကြပ်မှုဖြင့် ကြင်းတော်ယန်ဗုဒ္ဓဘာသာအမျိုးသမီးပရဟိတအသင်းမှ ပူးပေါင်းဖွင့်လှစ်သောကင်းထောက်အခြေခံ သင်တန်း(၁/၂ဝ၁၉)ကို နိုဝင်ဘာ ၁၇ ရက် မွန်းလဲ ၃ နာရီက ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၃၅ ကြားမြောက်ဘက်၊ ကမ်းနားလမ်းထင်းဝင်းရပ်ရှိ ကြင်းတော်ယန်ဗုဒ္ဓဘာသာကျောင်းရှိ ခန်းမတွင်ပြုလုပ်ခဲ့သည်။

 သင်တန်းဆင်းပွဲသို့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဦးအောင်ကြည်၊ သင်တန်း နည်းပြကင်းထောက်မှုးချုပ် ဦးအေးကြိုင်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးပိုမြင့်၊ ကြင်းတော်ယန်ဗုဒ္ဓဘာသာဘုရားကျောင်းဥက္ကဋ္ဌ ဦးဖြူဝင်း၊ ကြင်းတော်ယန်အမျိုးသမီးပရဟိတအသင်းနာယက ဒေါ်စန်းကြူနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား၊သင်တန်းသူ ၃ဝ ဦး တက်ရောက်ကြသည်။

 ရှေးဦးစွာ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး ကင်းထောက်ချုပ်က ကင်းထောက်ပညာနှင့်ပတ်သက်သော အကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

 ဆက်လက်၍ ကြင်းတော်ယန်အမျိုးသမီးပရဟိတအသင်းမှ အမှုဆောင်အဖွဲ့ဝင် ဒေါ်မြင့်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး ကင်းထောက်မှုးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား တစ်ဦးချင်းသင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး တက်ရောက်လာသော ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။