၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

 ပြည်ထဲရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေး အသိပညာပေးအစီအစဉ် (Kaeru Caravan) အခမ်းအနားကို နိုဝင်ဘာလ ၂၈ ရက် နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံ မြို့နယ်၊ ၈၆ လမ်းနှင့် ၂၄ လမ်းထောင့်ရှီ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

 အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်ဆိုင်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးများ နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ရှေးဦးစွာ တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင် စကားပြောကြားသည်။

 ထို့နောက် တိုင်းဒေသကြီးဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် Fire Target Shooting Game၊ Fire Tig-Toe Game၊ Blanket Stretcher၊ First Aid၊ Making Life Prevention Shuffle Game များစသည့် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေးအစီအစဉ် (Kaeru Caravan) ဂိမ်းကစားနည်းအစီအစဉ် (၁၀)မျိုးဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် ပူးတွဲ၍ အသိပညာပေးခြင်း၊ မီးသတ်ပစ္စည်းကိရိယာများခင်းကျင်း၍ ကျောင်းသား၊ ကျောင်းသူများကို မီးငြိမ်းသတ် ပစ္စည်းကိရိယာများဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးကိရိယာများကို ရှင်းလင်းပြသခြင်းများနှင့် ပိုလန်နိုင်ငံထုတ် မီးငြှိမ်းသတ်ယာဉ်များ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ အသုံးပြုနည်းအား လက်တွေ့ကိုင်တွယ်ရှင်းလင်းပြသခြင်းများအပြင် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြမှုတို့ကို တက်ရောက်လာကြသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။