၂ဝ၂၁ ပြည့်နှစ်၊ ဇန်နဝါရီ ၁၁ရက်

 Coronavirus Disease 2019 (COVID-19) ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ မန္တလေးတိုင်း ဒေသကြီးအတွင်း လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန် အတွက် စေတနာအလှူရှင် များက အလှူငွေများနှင့် ကျန်းမာ ရေးအထောက် အကူပြု ပစ္စည်း များကို လှူဒါန်းလျက်ရှိကြသည်။

 ယင်းသို့လှူဒါန်းရာတွင်အလှူရှင်၏ ၇၅နှစ် မြောက်မွေးနေ့ အထိမ်း အမှတ်အဖြစ် မန္တလေးမြို့ ၈၂ လမ်း၊ ၂၉လမ်းနှင့် ၃၀လမ်းကြား နေဒေါ်သန်းမြ(မိုးပုလဲ ကြော်ငြာ တံဆိပ်ရိုက်)မှ ငွေကျပ် ၅သိန်းကို မန္တလေးတိုင်းဒေသ ကြီးအစိုးရ အဖွဲ့ရုံးသို့ ယမန်နေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းရာတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်း ၀န်ကြီး ဒေါက်တာ စိုးသန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ကာ ကျေးဇူးတင် စကားပြန်လည် ပြော ကြားခဲ့သည်။