၂၀၂၀ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်

မန္တလေးတိုင်းဒေသကြီးအတွင်း (COVID-19) ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် စေတနာရှင်ပြည်သူများကလည်း လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ပါဝင်ကူညီလှူဒါန်းလျက်ရှိသည်။

 စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက အလှူရှင် မန္တလေးမြို့ (ရွှေစင်အကယ်ဒမီရွှေသန့်စင်လုပ်ငန်း) ပိုင်ရှင် ဦးသူတော်+ဒေါ်ခင်စိန် သား၊ သမီး၊ မြေးများက ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ COVID-19 အတည်ပြုလူနာများထားရှိ ကုသပေးနိုင်ရန် ကြိုတင်ပြင်ဆင်လျက်ရှိသည့် ခုတင် ၃၀၀ ဆံ့ သင်ကြားရေးဆေးရုံအတွက် အလှူငွေကျပ် သိန်း ၉၀ နှင့် ပြည်သူ့ ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL-MDY)အတွက် အလှူငွေကျပ် ၁၀ သိန်း စုစုပေါင်း အလှူငွေကျပ်သိန်း ၁၀၀ ကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန်ရုံးခန်းသို့ လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ရဲလွင်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။